အချစ်လို့ခေါ်သလား


တစ်ခါတစ်လေကျတော့ ...
စဥ်းစားကြည့် မိတယ်
.ရယ်စရာကြီး 

ကိုယ်က တစ်ယောက်ကို 
သနားနေရင်း 
တကယ်တမ်း 
သနားစရာကောင်းနေတာ 
ကိုယ်ဖြစ်နေခဲ့တယ်
ဘေးအမြင်မှာ
အရူးကြီးလေ

လူတစ်ယောက်ကို 
ချစ်နေရင်းနဲ့
ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်ဖို့
မေ့ကိုနေတာ.

သူ နာကျင်နေသလား
တွေးကြည့်ရင်
ကိုယ်နာကျင်နေတာကို
မေ့နေမိတာ ။

အဆင်ပြေရဲ့လား 
တဖွဖွမေးရင်း
ငါရောအဆင်ပြေနေလား
ဆိုပြီးမတွေးမိခဲ့ဘူး။

ပုံမှန်အတိုင်းဆို ...
ကိုယ်က သနားတတ်တယ်
ကြင်နာတတ်တယ် 
အရမ်းအားနာတတ်တယ်

ဒါပေမယ့် 
ကိုယ့်ကိုယ်ကိုယ် 
ပြန်ချစ်ဖို့ကျ
မေ့ရော့နေမိတယ်

 ဒီရက်ပိုင်း မှာ
သူအဆင်မပြေရင်
ကိုယ်လဲအဆင်မပြေဘူးဆိုတာ
သေချာလာခဲ့တယ်..

သူကကိုယ်အတွက်
အရေးအပါဆုံး
ဖြစ်နေပြီ ဆိုတာ
သေချာခဲ့ပြီလေ။

 


Crd...

Comments

Popular posts from this blog

စကားကြီးဆယ်မျိုး