Popular posts from this blog
စကားကြီးဆယ်မျိုး
စကားကြီးဆယ်မျိုး စကားပြောဆိုရာ၌ ကျွမ်းကျင်လိမ္မာစေရန် စကားပြောနည်း ၁၀မျိုး ကို ခွဲခြားသတ်မှတ်ထားသည်။ မြန်မာလူမျိုးတို့က စကားကြီး ၁၀ မျိုးဟု ခေါ်ဆိုကြသည်။ ယင်းစကားကြီး ၁၀ မျိုး၏ အမည်ကို မုန်တိုင်ပင်ဆရာတော်က မှတ်သားရလွယ်ကူစေရန် သုံးပုံတံချူကျမ်း၌ အောက်ပါအတိုင်း လင်္ကာစီထားပါသည်။ ၁။ ရေကူးညာတင် ၂။ ကောက်ပင်ရိတ်လှီး ၃။ ရေစီးဖောင်ဆန် ၄။ အိုးတန်ဆန်ခပ် ၅။ ဆီပွတ်ကျည်ပွေ့ ၆။ ဆင်ဝှေ့ရန်ရှောင် ၇။ တောင်သူယာခုတ် ၈။ ကြက်ဆုတ်ခွပ်ပစ် ၉။ ရေစစ်သည့် အင် ၁၀။ ခက်တင်မောင်နင်း အခြင်းဆယ်ပါး ဤစကားကို မှတ်သားဝမ်းတွင်း လေ့စေမင်း။ ၁။ ရေကူးညာတင် ပြောနည်း ♥♥♥♥♥♥♥ မြစ်တစ်ဖက်မှ လိုရာဆိပ်ကမ်းသို့ ကူးလိုလျှင် မြစ်ညာကတင်၍ ကူးမှ လိုရာသို့ရောက်သကဲ့သို့ မိမိအလိုရှိရာသို့ ရောက်အောင် အထက်ကတင်ကူး၍ ပြောခြင်းသည် ရေကူးညာတင်ပြောနည်း မည်၏။ အူထုံးရောဂါသည်ကို ကုရာ၌ ဇီဝက ပြောသောစကားကို သာဓကထုတ်အပ်၏။ ၂။ ကောက်ပင်ရိတ်လှီး ပြောနည်း ♥♥♥♥♥♥♥♥ စပါးရိတ်လျှင် ကောက်ပင်ကို လက်တစ်ဖက်ဖြင့် ဆုပ်သိမ်းကာ တံစဉ်ဖြင့် အရင်းမှဖြတ်၍ ရိတ်ယူသကဲ့သို့ တစ်ဖက်လူ၏ စကားကို သိမ်းကျုံးဖမ်းယူပြီးမှ အရင်းကဖြတ်၍ ပိုင်လောက်အောင် ပြောဆိုခြင်းသည် ကောက်ပင်ရိတ်လှီးပြောနည်း...
Comments
Post a Comment